Hedging ဆိုတာ
Academic Hedging (Bilingual Guide)
ဒီတစ်ပတ်တော့ Academic Writing မှာ အရေးပါတဲ့ Hedging အကြောင်းကို ဆွေးနွေးတင်ပြပါ့မယ်။
Academic Writing မှာ အယူအဆ၊ အချက်အလက်တွေကို တင်ပြဆွေးနွေးတဲ့အခါ ကိုယ်ပြောတာသာ ဘာဖြစ်ဖြစ် အမှန်ပါဆိုပြီး တရားလက်လွတ် မရေးကြဘူး။ “နှိုင်းနှိုင်းချိန်ချိန် သုခမိန်” ဆိုသလိုပဲ ချင့်ချိန် ရေးသားတင်ပြကြတယ်။ ဒါကို Academic Hedging (ပညာရပ်အရေးအသားဆိုင်ရာ ချင့်ချိန်ရေးသားခြင်း) လို့ ခေါ်ပါတယ်။
ဥပမာ (Example)
Without Hedging:
“This approach solves the problem.”
ဤချဉ်းကပ်ပုံနည်းလမ်းက ပြဿနာကို ပြေလည်စေသည်။ (Too absolute / တရားသေဆန်လွန်းသည်)
With Hedging:
“This approach could solve the problem if applied correctly.”
မှန်မှန်ကန်ကန် အသုံးချလျင် ဤချဉ်းကပ်ပုံနည်းလမ်းက ပြဿနာကို ပြေလည်စေနိုင်ပေသည်။
Hedging က ဘာလို့ အရေးကြီးသလဲ
မြင်သာတဲ့ ဥပမာ ပထမဆုံးကိုတော့ IELTS Academic Essay တွေမှာ persuasiveness လက်ခံအောင် ပြောနိုင်စွမ်းကို ပြရာရောက်တယ်။ ဆင်ခြင်သုံးသပ်မှု အားကောင်းတာကို ပြပေးနိုင်တာကိုး။
ဒါပေမယ့် Hedging ဆိုတာ Essay အတွက် တစ်ခုတည်း အတွက် မဟုတ်ဘူး။ သုတေသန စာတမ်းတွေ ရေးသားရာ၊ ပညာရပ်ဆိုင်ရာ တင်သွင်းရတဲ့ စာတမ်း၊ အိမ်စာ စတာတွေမှာ Hedging က မပါမဖြစ်ပါလေ့ရှိတယ်။
နှိုင်းနှိုင်းချိန်ချိန်ရေးသားမှုနဲ့ သူတစ်ပါးလက်ခံအောင် လည်း တင်ပြနိုင်ခြင်းဟာ ပညာရပ်နယ်ပယ်မှာ ကျင်လည်တဲ့သူ၊ လေ့လာအားကောင်းသူတွေရဲ့ အလေ့အထဖြစ်တယ်။ Professional ဆန်တယ်။ ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံက တွေးခေါ်ကြံဆတတ်ခြင်းရဲ့ လက္ခဏာဖြစ်တယ်။
ဝါရင့် စာရေးဆရာကြီး တစ်ဦးက လူငယ် စာရေးဆရာ တစ်ယောက်ကို ပြောတယ်။
“ကလောင်မရမ်းဖို့ သတိထားနော် ဆရာ” တဲ့။
ဒါဟာလည်း Hedging လိုနေတဲ့ လူငယ်စာရေးဆရာလေးကို ဝါရင့် ဆရာကြီးက လိုတိုရှင်း ဆုံးမတာပဲပေါ့။
Hedging အသုံးပြုပုံ
Academic Writing မှာ အောက်ပါ Hedging Language တွေကို သုံးလေ့ရှိကြတယ်။ အသေးစိတ် မဆွေးနွေးမီ တစ်ခုတင်ပြလိုတာက Essay ရေးရေး၊ စာတမ်းရေးရေး မိမိရေးသားတဲ့ အကြောင်းအရာပိုင်းဆိုင်ရာကို နှံ့စပ်စွာ လေ့လာဖတ်ရှုထားမှုရှိမှသာ Hedging လုပ်ရတာ အဓိပ္ပါယ်ရှိမယ် ဆိုတဲ့ အချက်ပါ။
1 Modal Verbs တွေ သုံးတာ (could, might, may)
2 ဖြစ်နိုင်ချေကို ပြတဲ့ Adverbs တွေ သုံး (possibly, potentially, essentially)
3 တရားသေပြောတာ မဟုတ်ပဲ ဖြစ်နိုင်ချေ ကို ပြတဲ့ ကြိယာတွေ သုံး (suggest, indicate, seem)
4 Conditional Forms ကို သုံးပြီး အခြေအနေတစ်ရပ် မှာမှ ဖြစ်နိုင်တာမျိုး ပြော
5 အကြိမ်နှုန်း သို့မဟုတ် ဖြစ်တန်စွမ်း ကို ပြတဲ့ Adverbs တွေ Adverbial Phrases တွေ (often, generally, in many cases)
6 Comparative Forms ကို သုံးကာ နှိုင်းယှဥ်ပြော (more, less, as…as)
7 Other phrases or clauses အခြားသော စကားစု၊ ဝါကျပိုင်းများ ကို သုံး
- It is possible that + Subject Verb
- It is unlikely that + Subject Verb
- It appears that + Subject Verb
- It seems that + Subject Verb
The Art of Academic Hedging
Mastering precision and caution in scholarly writing.
This week, we explore an essential concept in academic writing: hedging.
Academic writers avoid making absolute claims. Instead of stating that something is definitively true, they present arguments cautiously to reflect uncertainty or complexity. This careful presentation is known as Academic Hedging.
Example
“This approach solves the problem.”
“This approach could solve the problem if applied correctly.”
Why is Hedging Important?
One clear example of hedging is seen in IELTS Academic Essays. It showcases critical thinking and adds depth to argumentation.
Beyond exam writing, hedging is a vital feature in academic assignments, journal articles, and research papers. It reflects professionalism and demonstrates a well-rounded, analytical mindset.
A senior academic once advised a junior writer,
“Avoid writing as though everything is certain.”
This advice captures the essence of hedging.
How to Use Hedging
Hedging is most effective when used by writers who understand their subject well. Below are common strategies for incorporating hedging into academic writing:
Using Modal Verbs (could, might, may)
“The treatment eliminates the disease.”
“The treatment might eliminate the disease.”
Using Possibility Adverbs (possibly, potentially, essentially)
“The policy reduces unemployment.”
“The policy potentially reduces unemployment.”
Using Cautious Verbs (suggest, indicate, seem)
“The data proves our hypothesis is correct.”
“The data suggests that our hypothesis may be correct.”
Using Conditionals
“This approach solves the problem.”
“This approach could solve the problem if applied correctly.”
Using Frequency Adverbs (often, generally, in many cases)
“Exercise leads to improved mental health.”
“Exercise often leads to improved mental health.”
Using Comparatives (more, less, as…as)
“This method is effective.”
“This method is more effective than previous ones, according to some studies.”
Using Hedging Clauses and Phrases
- It is possible that + subject + verb
- It is unlikely that + subject + verb
- It appears that + subject + verb
- It seems that + subject + verb
Practice Hedging in Academic Writing
Click on a button below to open a targeted exercise and practice using hedging language in academic contexts.
